မိမိနှင့် လက်ညိုးကလေး
[Non Unicode]
မိမိ ႏွင့္ လက္ညိဳးကေလး"လက္ညိဳးကေလးေကြးၿပီး ဖိခ်တာေလးမ်ားဘယ္သူမဆိုလုပ္လို႔ရတာပဲဟာ.. ႀကီးက်ယ္လို႔ကြာ။"
ဤစကားသံသည္ ၾကာၿပီးဆိုေပမယ့္ ကြၽန္ုပ္အေတြးထဲ ခဏခဏ ႐ိုက္ခတ္ေနတာၾကာေပါ့။
ဟုတ္ကဲ့ပါ။ နည္းနည္းႀကီးက်ယ္ပါရေစဗ်ာ။ ဓာတ္ပုံတစ္ပုံျဖစ္လာဖို႔ အထူးသျဖင့္ဓာတ္ပုံေကာင္းတစ္ပုံျဖစ္လာဖို႔ဆိုရင္ လက္ညိဳးေလးေကြးတတ္႐ုံကေလးနဲ႔
ရလာမွာမဟုတ္ပါဘူး။ မွန္ဘီးလူးအကူအညီေတြအသာထားပါ။ လက္ညိဳးေကြးေပးမယ့္လူရဲ႕အားနဲ႔ အေတြးအျမင္ေတြလည္းပါ ပါေသးတယ္ခင္ဗ်႕။ ပင္ပင္ပမ္းပမ္း ေနပူမိုး႐ြာမေရွာင္လည္း
လုပ္ရပါေသးတယ္ဗ်႕။ ဓာတ္ပုံေတြလွပေနေစၿပီး နဂိုမေပ်ာက္ေအာင္လည္း ေခါင္းေတြအရႈပ္ခံ မ်က္လုံးအနာခံၿပီး ညနက္လို႔ မိုးလင္းတဲ့အထိ ကြန္ပ်ဴတာေရွ႕ထိုင္ရပါေသးတယ္။
ၾကားက ကာယကံရွင္က မေက်နပ္ျပန္ေသးရင္ အပင္ပန္းခံ အခမဲ့ေတာင္ လက္ညိဳးကေလးေကြးေပးရေသးတယ္။ ဒီလက္ညိဳးကေလးကလည္း ပင္ပန္းတယ္လို႔ မၿငီးႏိုင္ေသးေတာ့
ကြန္ပ်ဳတာေရွ႕ကိုထိုင္ တစ္ဖန္ျပန္ၿပီး အေခါက္ေခါက္အခါခါ ေကြးရျပန္ေရာလား။ ထိုအတူပဲ အလွဓာတ္ပုံေလးေတြ ၾကည့္ေပ်ာ္ရႈေပ်ာ္ဖို႔ လက္ညိဳးကေလးက အလုပ္အေသလုပ္ရျပန္ေရာ။
စုတ္တံကို ကိုင္ၿပီးပြတ္ရဆြဲရနဲ႔။ ေနာက္ဆုံးရလာဒ္ေကာင္းဖို႔ကို အခ်ိန္ကုန္ လူပမ္းရပါတယ္ဗ်။ ကိုယ္႐ိုက္တဲ့ပုံတိုင္းကို လက္ညိဳးပိုင္ရွင္တိုင္းက ျမတ္ႏိုး၏၊ ခ်စ္၏၊ တန္ဘိုးထား၏၊ ေစတနာထား၏။
ၿပိဳင္ပြဲေတြဝင္ၿပိဳင္ အေကာင္းဆုံးဆုရမွ ဓာတ္ပုံေကာင္းတစ္ပုံျဖစ္လာတာမဟုတ္ပါဘူး။ အပူခံ၊ အေအးခံ၊ ေခြၽးေျမက် ႐ိုက္ခဲ့ရဲတဲ့ ဓာတ္ပုံတိုင္းဟာ လက္ညိဳးပိုင္ရွင္တိုင္းအတြက္ ဓာတ္ပုံေကာင္းေတြပါ။
လက္ညိဳးကေလးေကြးတတ္ဖို႔ရန္အတြက္ အမ်ားမသိႏိုင္တဲ့ ေပးဆပ္ခဲ့ရမႈေတြရွိတယ္။ အရင္းအႏွီးေတြေျမာက္မ်ားစြာ ကုန္ခဲ့ရတယ္။ အခ်ိန္ေတြေျမာက္မ်ားစြာ ေပးဆပ္ခဲ့ရတယ္။ ထိုသို႔ေပးဆပ္ခဲ့သမွ်ေတြကို
ခိုးယူ၊ ကူးယူကာ ေစ်းကြက္ခ်အျမတ္ထုတ္ၾကေလေတာ့ လက္ညိဳးပိုင္ရွင္ေလးေတြခမ်ာ ႏွလုံးသားအိမ္ကို ဓားနဲ႔မႊန္းသလိုခံစားရပါတယ္။ အေပ်ာ္တန္း႐ိုက္ၾကတဲ့ လူေတြလည္း အျမင္ရသကို ေပးစြမ္းၾကသည့္သူေတြပါပဲ။ အခေၾကးေငြမယူပဲ႐ိုက္ၾကတဲ့အခါ ေက်းဇူးတင္ပါတယ္ ဆိုတဲ့
စကားတစ္ခြန္းနဲ႔တင္ေက်နပ္၊ ပိတိဖ်ာၾကရပါတယ္။ ေရစာေလးထိုးမိၾကျပန္ေတာ့ ကာယကံရွင္ဘက္က မႏွစ္သက္ျပန္ကေရာလား။ မလြယ္ပါခင္ဗ်ား။ တစ္ပိႆနီးနီး အေလးကို လည္ပင္းထဲခ်ိတ္ၿပီး ဟိုေျပးဒီေျပးနဲံ
လက္ညိဳးပိုင္ရွင္မ်ားကို ေလးစားၾကပါ။ မွားေသာ္ရွိ ခြင့္လြတ္ပါရန္။
သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာမ်ားအားလုံးကို ဦးထိပ္ထားလ်က္...
The Moon/HMA/TML
24-Dec-2018
[Unicode]
မိမိ နှင့် လက်ညိုးကလေး
"လက်ညိုးကလေးကွေးပြီး ဖိချတာလေးများဘယ်သူမဆိုလုပ်လို့ရတာပဲဟာ.. ကြီးကျယ်လို့ကွာ။"
ဤစကားသံသည် ကြာပြီးဆိုပေမယ့် ကျွန်ုပ်အတွေးထဲ ခဏခဏ ရိုက်ခတ်နေတာကြာပေါ့။
ဟုတ်ကဲ့ပါ။ နည်းနည်းကြီးကျယ်ပါရစေဗျာ။ ဓာတ်ပုံတစ်ပုံဖြစ်လာဖို့ အထူးသဖြင့်ဓာတ်ပုံကောင်းတစ်ပုံဖြစ်လာဖို့ဆိုရင် လက်ညိုးလေးကွေးတတ်ရုံကလေးနဲ့
ရလာမှာမဟုတ်ပါဘူး။ မှန်ဘီးလူးအကူအညီတွေအသာထားပါ။ လက်ညိုးကွေးပေးမယ့်လူရဲ့အားနဲ့ အတွေးအမြင်တွေလည်းပါ ပါသေးတယ်ခင်ဗျ့။ ပင်ပင်ပမ်းပမ်း နေပူမိုးရွာမရှောင်လည်း
လုပ်ရပါသေးတယ်ဗျ့။ ဓာတ်ပုံတွေလှပနေစေပြီး နဂိုမပျောက်အောင်လည်း ခေါင်းတွေအရှုပ်ခံ မျက်လုံးအနာခံပြီး ညနက်လို့ မိုးလင်းတဲ့အထိ ကွန်ပျူတာရှေ့ထိုင်ရပါသေးတယ်။
ကြားက ကာယကံရှင်က မကျေနပ်ပြန်သေးရင် အပင်ပန်းခံ အခမဲ့တောင် လက်ညိုးကလေးကွေးပေးရသေးတယ်။ ဒီလက်ညိုးကလေးကလည်း ပင်ပန်းတယ်လို့ မငြီးနိုင်သေးတော့
ကွန်ပျုတာရှေ့ကိုထိုင် တစ်ဖန်ပြန်ပြီး အခေါက်ခေါက်အခါခါ ကွေးရပြန်ရောလား။ ထိုအတူပဲ အလှဓာတ်ပုံလေးတွေ ကြည့်ပျော်ရှုပျော်ဖို့ လက်ညိုးကလေးက အလုပ်အသေလုပ်ရပြန်ရော။
စုတ်တံကို ကိုင်ပြီးပွတ်ရဆွဲရနဲ့။ နောက်ဆုံးရလာဒ်ကောင်းဖို့ကို အချိန်ကုန် လူပမ်းရပါတယ်ဗျ။ ကိုယ်ရိုက်တဲ့ပုံတိုင်းကို လက်ညိုးပိုင်ရှင်တိုင်းက မြတ်နိုး၏၊ ချစ်၏၊ တန်ဘိုးထား၏၊ စေတနာထား၏။
ပြိုင်ပွဲတွေဝင်ပြိုင် အကောင်းဆုံးဆုရမှ ဓာတ်ပုံကောင်းတစ်ပုံဖြစ်လာတာမဟုတ်ပါဘူး။ အပူခံ၊ အအေးခံ၊ ချွေးမြေကျ ရိုက်ခဲ့ရဲတဲ့ ဓာတ်ပုံတိုင်းဟာ လက်ညိုးပိုင်ရှင်တိုင်းအတွက် ဓာတ်ပုံကောင်းတွေပါ။
လက်ညိုးကလေးကွေးတတ်ဖို့ရန်အတွက် အများမသိနိုင်တဲ့ ပေးဆပ်ခဲ့ရမှုတွေရှိတယ်။ အရင်းအနှီးတွေမြောက်များစွာ ကုန်ခဲ့ရတယ်။ အချိန်တွေမြောက်များစွာ ပေးဆပ်ခဲ့ရတယ်။ ထိုသို့ပေးဆပ်ခဲ့သမျှတွေကို
ခိုးယူ၊ ကူးယူကာ စျေးကွက်ချအမြတ်ထုတ်ကြလေတော့ လက်ညိုးပိုင်ရှင်လေးတွေခမျာ နှလုံးသားအိမ်ကို ဓားနဲ့မွှန်းသလိုခံစားရပါတယ်။ အပျော်တန်းရိုက်ကြတဲ့ လူတွေလည်း အမြင်ရသကို ပေးစွမ်းကြသည့်သူတွေပါပဲ။ အခကြေးငွေမယူပဲရိုက်ကြတဲ့အခါ ကျေးဇူးတင်ပါတယ် ဆိုတဲ့
စကားတစ်ခွန်းနဲ့တင်ကျေနပ်၊ ပိတိဖျာကြရပါတယ်။ ရေစာလေးထိုးမိကြပြန်တော့ ကာယကံရှင်ဘက်က မနှစ်သက်ပြန်ကရောလား။ မလွယ်ပါခင်ဗျား။ တစ်ပိဿနီးနီး အလေးကို လည်ပင်းထဲချိတ်ပြီး ဟိုပြေးဒီပြေးနဲံ
လက်ညိုးပိုင်ရှင်များကို လေးစားကြပါ။ မှားသော်ရှိ ခွင့်လွတ်ပါရန်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဦးထိပ်ထားလျက်...
The Moon/HMA/TML
24-Dec-2018
Comments
Post a Comment