My Note on Ubuntu (tar.gz to .deb convertion)

Ubuntu Linux tar.gz files တွေကို Install လုပ်ရာမှာ အမြဲအခက်တွေ့ခဲ့ကြပါတယ်။
terminal မှာ

tar xvfz filenam.tar.gz ဖြည်ပြီးတာနဲ့
./configure
make
make install

ဆိုပြီးရိုက်ထည့်ရုံနဲ့ပြီးတာများပါတယ်။ တစ်ချို့ဆို ./configure ကို မပါလာတာရှိတတ်ပါတယ်။ Pro User တွေအတွက်က တော့ ပြဿနာ မဟုတ်ပေမယ့် ကျွန်တော်တို့လို ဟိုမရောက်ဒီမရောက် အသစ်တွေကြတော့ပြဿနာတွေ့တာပဲ😁။ အလွယ်ကူဆုံး Install လုပ်နည်းကတော့ .deb package ပါ။ ဒီတော့ အဲဒီနည်းနဲ့ပဲ ကျွန်တော်တို့လုပ်ကြည့်တာပေါ့။ ကျွန်တော်တို့ကို ဒုက္ခပေးနေတဲ့ tar.gz ဖိုင်ကို .deb package အဖြစ်ကျွန်တော်တို့ပြောင်းလဲပြီး install လုပ်ကြတာပေါ့။ ထုံစံအတိုင်း ကျွန်တော်တို့ ဘာလုပ်လုပ် သုံးနေကြ terminal ကို ctrl+alt+t နဲ့ ခေါ်မယ်။ ပြီးရင်

sudo su
Password ပေးလိုက်ပါ။

ကျွန်တော်တို့ tar.gz file ကို .deb ပြောင်းဖို့အတွက် alien ဆိုတဲ့ အကူလေးလိုပါတယ်။ သူ့ကို အရင်ထည့်သွင်းရမှာပါ။ သူ့ကိုထည့်သွင်းဖို့အတွက်

apt install alien

ကို terminal မှာ ရိုက်ပြီး Enter ခေါက်ဖို့တော့မမေ့ကြနဲ့ပေါ့😁😁😁။ Process ပြီးသွားရင် မိမိရဲ့ tar.gzဖိုင်ရှိတဲ့ directory/path ကို ရိုက်ပါ။
ဥပမာ- ကျွန်တော်ပြောင်းချင်တဲ့ tar ဖိုင်က Downloads မှာရှိတယ် ဆိုပါစို့။ အဲဒီတော့ ကျွန်တော်ရိုက်ရမှာက

cd Downloads

ရိုက်ပြီး directory ထဲကို ရောက်သွားပြီးဆိုရင် ကျွန်တော်တို့ လုပ်ငန်းစလို့ရပါပြီး။ ဖွင့်ထားတဲ့ termial ထဲမှာ
ls
ရိုက်ထည့်လိုက်ရင် Downloads မှာရှိတဲ့ files မှန်သမျှကို ပြသပေးမှာဖြစ်ပါတယ်။ ထို့နောက်

alien -d filename.tar.gz (root access ကို ပေးထားတဲ့အတွက် sudo မလိုတော့ပါ)

ကို ရိုက်ပြီး enter ခေါက်၊ ခဏစောင့်ပေးရင် .deb ရပါပြီး။ filename မှာ မိမိပြောင်းမည့် tar.gz အမည်ကိုရိုက်ရမည်ဖြစ်သည်။ ရလာတဲ့ .deb ကို မိမိနှစ်သက်သည့်နည်းလမ်းနှင့် install လုပ်နိုင်ပါပြီး😍။ install လုပ်ရန်မှာ
dpkg -i filename.deb သို့မဟုတ်
dpkg -i --force-overwrite filename.deb
ကို ရိုက်ပြီး လုပ်နိုင်သလို .deb ကို ubuntu software နဲ့လည်းဖွင့်ပြီး install လုပ်နိုင်ပါတယ်။
အဆင်ပြေကြပါစေ။
#ubuntu #linux #themoonlab #installing #tar.gz #deb #myanmar #Mon #tml #HMA #TML


Comments

Popular posts from this blog

Mon Unicode Keyboard for Ubuntu/Linux

IELTS PDF သွက်ရဲလ္ၚတ် အေၚ်္လိက်တံ